ဒုတိယပိုင်း ပြန်စပါပြီ .....
(47 min)
ရတနာပုံမှ ကော်နာရတယ်။ နောက်တန်းကစားသမားတွေ ကန်တင်နိုင်ပါတယ်။
(49 min)
ရတနာပုံမှ ကစားသမား ၂ ဦးအပေးအယူလုပ်ပြီးတော့ ကန်တယ်။ ဂိုးလွန်ဘော ဖြစ်ပါတယ်။
(50 min)
ရန်ပိုင်၊ ထွန်းထွန်းဝင်း၊ ပိုင်စိုးအတွဲကနေ ကန်သွင်းတယ်။ ၀င်လာပြီ။ တောင်ပိုင်းသား ဂိုးသမား ဘယ်ဖက်ကို ဒိုက်ပစ်ပြီး ဖမ်းလိုက်ပါတယ်။
(52 min)
ရတနာပုံကော်နာရတယ်။ ကန်ဗော ကန်တင်တယ်။ ဂိုးသမားပုတ်ထုတ်တယ်။ နောက်တန်းကနေ ကွင်းလယ်ကိုပြန်ကန်တင်ပါတယ်။
(53 min)
ခင်မောင်ထွန်း ကွင်းလယ်လောက်ကနေ ကန်တင်ပေးတယ်။ တောင်ပိုင်းဂိုးသမား ထိုးထုတ်လိုက်ပါတယ်။
(54 min)
တောင်ပိုင်းသား တယောက် ကွင်းလယ်မှာ အနည်းငယ်နာသွားပါတယ်။
(55 min)
ရတနာပုံ ဘယ်တောင်ပံကနေ မပေးတယ်။ ထွန်းထွန်းဝင်း ပြောင်းပြန်ကန်တယ်။ ထိချက်လွဲပြီး တောင်ပိုင်းနောက်တန်းက ရှင်းထုတ်လိုက်ပါတယ်။
(56 min)
ရတနာပုံ မှ ဒုတိယမြောက် အ၀ါကတ်အဖြစ် ပိုင်စိုး အပြခံရပါတယ်။ တောင်ပိုင်းကွင်းလယ်ကစားသမားကို ချိတ်မိလို့ပါ။
(58 min)
ရတနာပုံဘယ်ဖက်ကနေ ဗမိုး ဆွဲလာတယ်။ တောင်ပိုင်းသားတွေကို မကျော်နိုင်ပါဘူး။
(59 min)
တောင်ပိုင်းကလည်း လူစားလဲပါတယ်။ ၆ စိုးမြတ်သူ အစား ၁၆ သိန်းစိုးဝင်းပါ၊ အလယ်တန်းက ဖြစ်ပါတယ်
(60 min)
တောင်ပိုင်းက ကွင်းလယ်ကနေ ကန်တင်တယ်။ ရတနာပုံနောက်တန်းက ပြန်ကန်တင်လိုက်ပါတယ်။ ရန်ပိုင် ကွင်းလယ်ကနေဆွဲလာတယ်။ ဘယ်ဖက်ကနေတင်တယ်။ လူမရှိပါဘူး။
(61 min)
ရတနာပုံအသင်းက ထက်ကျော်သူဝင်း နံပါတ် ၅ လူကျွံနေပါတယ်။ ပထမဆုံးအကြိမ်ပါ။
(62 min)
တောင်ပိုင်းပြန်ရလာပြီ။ ညာတောင်ပံကနေ အသာလေးချပေးတယ်။ တောင်ပိုင်းသားရှေ့တန်းက ပိတ်တာ ထိချက်မမှန်ပဲ ဂိုးလွန်ဘော ဖြစ်ပါတယ်။
(65 min)
ဗာဂိုး တောင်ပိုင်းခံစစ်မှုးတွေကို ဂိုးစည်းထဲမှာ ကျော်ဖို့လုပ်တယ်။ မကျော်နိုင်ပါဘူး။
(67 min)
ရတနာပုံက ထက်ကျော်သူဝင်း ယူလာတယ်။ နိုင်လင်းဦး ရှင်းထုတ်နိုင်ပါတယ်။
(68 min)
တောင်ပိုင်း ဖောက်လာပြီ။ ကန်တော့မယ်။ ရတနာပုံက ဂိုးစည်းထဲမှာ နောက်ကနေ သေသပ်စွာ လျှောထိုးဖျက်လိုက်ပါတယ်။ ဘောလုံးထိတဲ့အတွက် ပယ်နယ်တီမရလိုက်ပါဘူး။ တောင်ပိုင်းသားတွေ အတွက် တစ်လုံး နစ်နာသွားပါတယ်။
(69 min)
တောင်ပိုင်းက အနည်းငယ်ပြန်တိုက်စစ်ဆင်လာနိုင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာတော့ ရတနာပုံကပဲ သာပါသေးတယ်။
(70 min)
ခင်မောင်ထွန်းဆီကနေ တောင်ပိုင်းသားရှေ့တန်းက ယူနိုင်တယ်။ ရတနာပုံကလိုက်ပြီး ပြန်ဖျက်ထုတ်ပါတယ်။
(71 min)
ရတနာပုံ ညာဖက်ကနေ မ ပေးတယ်။ ရန်ပိုင်ကိုကျော်ပြီး တောင်ပိုင်းနောက်တန်းက ခေါင်းတိုက်လိုက်နိုင်ပါတယ်။
(73 min)
တောင်ပိုင်းသားတွေရဲ့ ဒုတိယမြောက်လူစားလဲမှုအဖြစ် အသင်းခေါင်ဆောင် မျိုးလှိုင်ဦးအစား နောက်တယောက်လူစားဝင်ပါတယ်။
(74 min)
ရတနာပုံ အသင်းက ၁၁ ပိုင်စိုးအစား ထက်နိုင်ဝင်းလူစားဝင်ပါတယ်၊ ၂ ဦးမြောက်ပါပဲ။
(75 min)
တောင်ပိုင်း ရှေ့တန်းကဆွဲလာပြီး ဘီးကုပ်ထိပ်ကနေ ကန်တယ်။ ယဉ်မင်းအောင် မိပါတယ်။ ဂိုးပေါက်တည့်တဲ့ အလုံးပါပဲ။ ဂိုးသမားကောင်းပါတယ်။
(76 min)
ဗာဂိုး။ ဘယ်ဖက်ကနေမတယ်။ စည်းထိပ်ကနေ ရတနာပုံ ရှေ့တန်းကကန်တယ်။ ဂိုးပေါ်ကိုတော်တော်ကျော်ပါတယ်။
(78 min)
ရတနာပုံ အသင်းက ရပါတယ်။ ဒုတိယဂိုးပါ။
ဂိုးစည်းထိပ်က လှမ်းကန်တာ ဂိုးသမား မဖမ်းနိုင်ပဲ ပြန်အံထွက်လာတာကို ထွန်းထွန်းဝင်းက ပိတ်သွင်းလိုက်တာပါ။
(80 min)
ရတနာပုံက ကွင်းလယ်မှာပဲ ထိန်းကန်နေပါပြီ။
(81 min)
ရတနာပုံ ကွင်းလယ်ကနေတင်ပေးတယ်။ ရှေ့တန်းလူများနဲ့ အပြိုင် တောင်ပိုင်းသားတွေက ရှင်းထုတ်ပြီး ဘေးလွန်ဘော လုပ်ထားပါတယ်။
တောင်ပိုင်းသားတွေရဲ့ နောက်ဆုံးလူစားလဲမှုလုပ်ပါတယ်။ ဘယ်သူတွေလဲတော့ မသိဘူး။ ဘာမှမပြာလို့လေ။
(83 min)
တောင်ပိုင်းသားတွေ ညာဖက်ကနေ ဖောက်လာပြီ။ နိုင်လင်းဦး မပေးတယ်။ ဂိုးစည်းထဲကို ကျလာပြီ။ ရတနာပုံနောက်တန်းက မနားတမ်းဖျက်ထုတ်လိုက်ပါတယ်။
(84 min)
တောင်ပိုင်းသား ရှေ့တန်းသမား ဂိုးစည်းထိပ်ကနေ လှမ်းကန်တယ်။ လွဲပါတယ်။ ဂိုးလွန်ဘောပါ။
(85 min)
ရတနာပုံရလာပြီ။ ရန်ပိုင် ဘယ်ဖက်ကနေ ထိုးဖောက်လာတယ်။ တောင်ပိုင်းသားများ ဖျက်ထုတ်လိုက်ပါတယ်။
(88 min)
ထွန်းထွန်းဝင်း ညာဖက်ကနေဂိုးထဲဆွဲယူလာပြီ။ နောက်တန်း ၂ ယောက်ကြားကနေ ကန်တယ်။ ဂိုးသမားမိပါတယ်။ ကန်ချက် ကောင်းပါတယ်။
(89 min)
ရန်ပိုင်ကိုတားတဲ့အတွက် ကွင်းလယ်မှာ တောင်ပိုင်းသား ဟန်ထွန်း နံပါတ် ၅ အ၀ါထိပါတယ်။ ရန်ပိုင်ကို ထမ်းဆင်နဲ့ထုတ်သွားပါတယ်။
(90 min)
ရတနာပုံ ကွင်းလယ်ကနေ ဂိုးသမား နောက်တန်း အလယ်တန်း ပြန်ပေးရင်းထိန်းကစားပါတယ်။
(90 +1 min)
ပွဲကတော့ အေးသွားပါပြီ။
(90 +2 min)
ပွဲပြီးပါပြီ။ ရတနာပုံ ၂းဝ တောင်ပိုင်း ပါ။
17.5.09
Live Match Commentary by k-pooh (First Half)
(0 min)
မြန်မာကျူးပစ်ပေါ်မှ တောင်ပိုင်းသားဖန်တွေနဲ့တကွ ဘောလုံးပိတ်သတ်ကြီးအားလုံး မင်္ဂလာပါ။
မကြာမှီ စတင်တော့မယ် တောင်ပိုင်းသား အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ ဘောလုံးပွဲကို တိုက်ရိုက်စာရိုက်တင်ရန် အတွက် ကျနော်မောင်ကေပူး အဆင်သင့်ဖြစ်နေပါပြီ။
ပိတ်သတ်ကြီးတွေကရော အဆင်သင့်ပဲလားဗျို့။
(0 min)
ရာသီဥတု အခြေအနေကတော့ မိုးရွာထားကာစ မို့အေးချမ်းနေပါတယ်။
တောင်ပိုင်း ၀တ်စုံ အင်္ကျီ အပြာ၊ ဘောင်းဘီ အဖြူ၊ အသင်းခေါင်ဆောင် မျိုးလှိုင်ဦး မြောက်ဖက်ဂိုးစည်းကနေ စတင်ကစားပါမယ်။
ရတနာပုံ ၀တ်စုံ အင်္ကျီ အနီ၊ ဘောင်းဘီ အဖြူ အသင်းခေါင်ဆောင် ခင်မောင်ထွန်း ၊ နိုင်ငံခြား ကစားသမား ၄ ဦးပါဝင်ပါတယ်
ဒိုင်လူကြီးက ဦးဝင်းထွဋ်ပါ။
(1 min)
တောင်ပိုင်း အသင်းကနေ စပေးဘောပေးရပါတယ်။ စပေးတာနဲ့ ကွင်းလယ်ကနေ လှမ်းကန်တယ်၊ ယဉ်မင်းအောင်။ ညာဖက်ကနေ ဂိုးလွန်ဘော ဖြစ်တယ်။
(2 min)
တောင်ပိုင်းသား ပြစ်ဒဏ်ဘောရတယ် ရတနာပုံကွင်းတ၀က်လောက်မှာ၊ ကန်တယ်။ ခုနကလိုမျိုးပဲ ဂိုးလွန်ဘောဖြစ်တယ်။
ပိုင်စိုးမှ ပြစ်ဒဏ်ကျူးလွန်တာပါ။ ရတနာပုံ ၂ ကြိမ်ရှိပါပြီ ပြစ်ဒဏ်ဘော ပေးရတာ။
(3 min)
ရတနာပုံမှ ကျော်ဇေယျာမင်း အ၀ါကတ်ထိတယ်။ တောင်ပိုင်းက ညာတောင်ပံကနေ တင်တယ်။ နောက်တန်းလူတွေ ရှင်းထုတ်ပါတယ်။
(4 min)
ရတနာပုံ၊ အောင်ကျော်မိုး ကနေ နိုင်ငံခြားသား။ တောင်ပိုင်းက လျှောထိုးဖျက်တယ်။ လက်ပစ်ဘော ဖြစ်တယ်
(5 min)
ပိုင်စိုးဘယ်ဝင်းကနေတင်တယ်၊ တောင်ပိုင်းသားတွေ ရှင်းထုတ်လိုက်ပါတယ်။
(7 min)
ရတနာပုံက ညာဖက်ကနေတင်တယ်။ အေးဆေးပါ ရှင်းထုတ်တယ်။ ရတနာပုံပြန်ရတယ်။ ဂိုးထဲကန်တယ်။ တောင်ပိုင်းသားနဲ့ထိပြီး ကော်နာပေးရပါတယ်။ စည်းထဲလှိမ့်တယ်။ တောင်ပိုင်းက ကော်နာထပ်လုပ်ထားပါတယ်။ ကန်တင်တယ်။ ဂိုးသမား ပြည့်ဖြိုးအောင်မိတယ်။
(10 min)
ရတနာပုံက နည်းနည်းပိုဖိထားပါတယ်။ သို့ပေမယ့် တောင်ပိုင်းသားက အသင်းလိုက်ကစားပုံ ပိုကောင်းပါတယ်။ ရတနာပုံက ခွန်အားသုံးကစားပါတယ်။
(13 min)
တောင်ပိုင်းမှ ဗညားဥိး ကနေ ဂိုးစည်းထဲ အပေးအယူနဲ့ယူလာပြီ။ ရတနာပုံက သေသပ်စွာရှင်းထုတ်လိုက်နိုင်ပါတယ်။
(14 min)
ရတနာပုံ ဖရီးကစ်ရပါတယ်။ တောင်ပိုင်းဂိုးညာဖက်ထိပ်ကနေပါ။ ကန်တင်တယ်။ ထွန်းထွန်းဝင်း ဂိုးထဲဝင်လာတယ်။ ဂိုးသမား ခုန်ပြီးပုတ်ပါတယ်။ သေချာပေါက်ဂိုးပါ ခင်ဗျ။ ကော်နာပေးရပါတယ်။
(15 min)
ကော်နာကန်တယ်။ ရတနာပုံ ရှေ့တန်းကလူတွေ ပြစ်ဒဏ်ဘောဖြစ်ပါတယ်။ တောင်ပိုင်းသား ဂိုးသမား အနည်းငယ်နာသွားပါတယ်။
(16 min)
ပြည့်ဖြိုးအောင် ပြန်ကောင်းလာပါတယ်။ အေးဆေးပါ။ ပြစ်ဒဏ်ဘောကန်တင်တယ်။
(17 min)
ရတနာပုံ ညာဖက်ကနေ ယူလာတယ်။ တောင်ပိုင်းနောက်တန်းက ဟန်ထွန်းရပြီး ဂိုးသမားကနေ တဆင့် ကန်တင်ပါတယ်။ ရတနာပုံ တသင်းလုံးဖိထားပါတယ်။
(18 min)
ရန်ပိုင် ဘယ်ဖက်ကနေ ယူလာတယ်။ တောင်ပိုင်းက ဖျက်နိုင်ပါတယ်။
(19 min)
စိုးမြတ်သူ က ရတနာပုံက ထွန်းထွန်းဝင်းကို ပြစ်ဒဏ်လုပ်မိတဲ့အတွက် ပြစ်ဒဏ်ဘောပေးရပါတယ်။ ထွန်းထွန်းဝင်း ခြေစွမ်းပြနေပါတယ်။ တောင်ပိုင်းရှေ့တန်းက အကွက်မမိပါဘူး။ နောက်တန်းကတော့ ချိတ်ဆက်မိပါတယ်။
(21 min)
ညာဖက်ကနေ ခင်မောင်ထွန်း အမှတ်မထင်လှမ်းကန်တယ်။ ပြည့်ဖြိုးအောင် လှဲအိပ်ပြီးဖမ်းလိုက်ပါတယ်။ ရတနာပုံ အသင်းရဲ့ ၂ ကြိမ်မြောက် ဂိုးပေါက်တည့်မှုပါ။ တောင်ပိုင်းသားတွေ ဂိုးပေါက်တည့် ကန်ခွင့်မရသေးပါဘူး။
(22 min)
ညာတောင်ပံကနေ ဗမိုး( နိုင်ငံခြားက ) ကန်တယ်။ ဂိုးပေါ်ထောင်တက်ပါတယ်။ ကန်ချက်ပြင်းပါတယ်။ ဂိုးပေါက်မတည့်ပါ။
(23 min)
တောင်ပိုင်းသား ဆံရှည်ဗညားဦး လိမ်တယ်။ မလွတ်ဘူးဗျာ။ ကွင်းလယ်စည်းဝိုင်းမှာပါ။ ဘောလုံးလိုက်ပြန်ယူတယ်။ တောင်ပိုင်းဂိုးစည်းထိပ်တောင်ဖက်မှာ ပြစ်ဒဏ်ဘောပေးရပါတယ်။ ကန်တင်တယ်။ ပြည့်ုဖြိုးအောင် လှဲအိပ်ပြီးဖမ်းမိပါတယ်။
(25 min)
ထွန်းထွန်းဝင်း - ရန်ပိုင်။ တောင်ပိုင်းသားတွေ အသာအယာ ဖျက်လိုက်နိုင်ပါတယ်။ ရန်ပိုင်နဲ့ထိပြီး ဂိုးလွန်ဘောပါ။
(28 min)
ရတနာပုံ အသင်းက ဗွေဆော်ဦးရသွားပါပြီ။ ရန်ပိုင် သွင်းသွားတာပါ ၂၈ မိနစ်ခန့် ရှိပါပြီ။ ဂိုးသမား ဘယ်လိုမှ မတတ်နိုင်လိုက်ပါဘူး။
(30 min)
တောင်ပိုင်းဂိုးထိပ်မှာ ဖရီးကစ်ရတယ်။ ထွန်းထွန်းဝင်း ကန်တယ်၊ ဘားလျှော့ ၀င်လာတယ်၊ ပြည့်ဖြိုးအောင် လက်ဝါးလေးနဲ့ ပုတ်ပါတယ်။ ကော်နာပါ။
(31 min)
ကော်နာကို ဂိုးသမားထွက်ပုတ်တယ်။ တောင်ပိုင်းသားတွေ ပြန်ရတယ်။ ကွင်းလယ်ကနေ ညာဖက်ကို ချပေးတယ်။ များပါတယ်။ ဘေးလွန်ဘောပါ။
(32 min)
ရတနာပုံ ဘယ်ဖက်ကနေထိုးဖောက်လာပြီ။ ပိုင်စိုး။ တောင်ပိုင်းသားတွေဖျက်ထုတ်လိုက်တာ ပိုင်စိုးနဲ့ ထိပြီး ဂိုးလွန်ဘောပါ။
(33 min)
တောင်ပိုင်းသား ၁၂ နိုင်လင်းဦး အ၀ါထိတယ်။ ဖရီးကစ်ပေးရတယ်။ ဂိုးထိပ်မှာပါ။ ရတနာပုံမှ ကန်ဗော ကန်တယ် ဂိုးပေါ်ကနေ ကျော်သွားပါတယ်။
ရတနာပုံက ၇၅ % လောက်ကိုဖိထားပါတယ်။
(36 min)
တောင်ပိုင်းသားတွေ ဘယ်ဖက်ကနေ ဖောက်လာတယ်။ နောက်တန်းကိုကျော်ဖို့ ကြိုးစားရင်း လူပေးမှားပါတယ်။
(37 min)
ရတနာပုံအသင်းက လူစားတယောက်လဲပါတယ်။ ပွဲကတော့ ပြန်အေးနေပါတယ်။
(40 min)
တောင်ပိုင်းက တိုက်လာပြီ။ ကန်တယ်။ ရတနာပုံအသင်းရဲ့ ဖျက်ထုတ်မှုကနေ ဂိုးလွန်ဘော ဖြစ်ပါတယ်။ တောင်ပိုင်းအသင်းရဲ့ ပထမဆုံးထိုးဖောက်မှုပါပဲ။
(41 min)
ကွင်းလယ်ကျော်ကျော်လောက်ကနေ ရတနာပုံလှမ်းကန်တယ်။ ဂိုးထဲ ၀င်လာပြီ။ ဂိုးသမားမိပါတယ်။ ကန်ချက်တော်တော်ကောင်းပါတယ်။
(42 min)
ရန်ပိုင် နဲ့ တောင်ပိုင်းသား ခံစစ်မှုး ၃ ယောက်တွေ့တယ်။ ရှင်းထုတ်လိုက်ပါတယ်။
(45 min)
ရတနာပုံအသင်းက ကွင်းလယ်မှာအပေးအယူလုပ်ရင်း ထိန်းကစားပါတယ်။
ပထမပိုင်းပြီးပါပြီ။
တောင်ပိုင်းသား ၀း ၁ ရတနာပုံ ပါ။
ဘောပိုင်ဆိုင်ခွင့် ၈၀ % နဲ့ ၂၀ % လောက်နဲ့ ရတနာပုံက ဖိထားပါတယ်။
လူကြီးနဲ့ကလေး ကန်နေတဲ့ အတိုင်းပါပဲ။
ဂိုးပေါက်တည့်မှုအနေနဲ့ ရနာပုံက ၆ ကြိမ်လောက် ရပါတယ် ၁ ဂိုးဝင်ပါတယ်။ တောင်ပိုင်းသားတွေ ကန်သွင်းခွင့်မရပါဘူး။ ရတနာပုံ ဂိုးသမား ယဉ်မင်းအောင် အနားရနေပါတယ်။
အ၀ါကတ်အနေနဲ့ တသင်း ၁ ကတ်စီထိထားပါတယ်။ တောင်ပိုင်းက နိုင်ဦးလွင်၊ ရတနာပုံက ကျော်ဇေယျာမင်းပါ။

Posted by
ဟိဏ်းလင်း
at
6:00 PM
MNL cup ဖွင့်ပွဲ ( ရန်ကုန်-ဇေယျာရွှေမြေ ) ကိုကြည့်ပြီးတော့ ထင်မြင်ချက်လေးများ
ကျွန်တော် မနေ့က ပွဲကို ဟိုက်လိုက် ပြန်ကြည့်မိပြီး ထင်မြင်ချက်လေးတွေကို ရေးချလိုက်တာပါ။
ကျွန်တော် အရင်က အဆင့်မြင့်တန်းနဲ့ မြန်မာလိဂ်ကို မကြည့်ခဲ့ဖူးလို့ အရင်က အဆင့်အတန်း ဘယ်လို ရှိသလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ပုံစံအရဆိုရင်တော့ အဖက်ဖက်က တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။
ပရိသတ်
ကွင်းပြည့် အားပေးခဲ့ကြတဲ့ ပရိသတ်အပြင်၊ နေရာမရခဲ့လို့ စိတ်ပျက်ခဲ့ရတဲ့ပရိသတ်များ၊ မိမိမြို့မှာ ပရောဂျက်တာကြီးများနဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်များ၊ မိမိအိမ်တီဗီဖန်သားပြင်ရှေ့က ပရိသတ်များ၊ နိုင်ငံရပ်ခြားမှ အင်တာနက်ပေါ်မှ တဆင့် အားပေးခဲ့ကြတဲ့ ပရိသတ်များဟာဆိုရင် ဘောလုံးပွဲတစ်ပွဲရဲ့ ၁၂ယောက်မြောက် ကစားသမားဆိုတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြပါတယ်။
ပွဲချိန်အတွင်းမှာလည်း ကွင်းအတွင်း အော်ဟစ် အားပေးနေခဲ့ကြတဲ့ လူသုံးသောင်းကျော်ရဲ့ အသံဟာ မြန်မာ့ဘောလုံးလောကအသစ်ရဲ့ သီချင်းသံ လို့တောင် တင်စားပြီး ပြောလို့ ရနိုင်လောက်ပါတယ်။
ဒေသစွဲနဲ့ အားပေးကြရစေအောင် အခုလို အသင်းတွေကို ဒေသအသီးသီးကို ခွဲပေးလိုက်တဲ့ အစီအစဉ်ကလည်း အရမ်းကို ကောင်းပါတယ်။
ဒီပုံစံအတိုင်းဆို နောက်တစ်ချိန်မှာ အိုးလ်ထရက်ဖိုဒ့်၊ ဆန်စီရိုကွင်းတွေရဲ့ ပရိသတ်မျိုးကို မြန်မာနိုင်ငံမှာ မတွေ့ရဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။
အသင်းများ
နှစ်ဖက် အသင်း စလုံးဟာ ကွင်းတွင်း ကွင်းပြင် သေချာ ပြင်ဆင်လာခဲ့ကြတာကို တွေ့ရပါတယ်။ ကစားပုံအရလည်း ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ ကစားကွက်မျိုးကို တွေ့ခဲ့ရပါတယ်။ နည်းစနစ်ပိုင်းမှာ အရင်ကထက် သိသိသာသာ တိုးတက်လာတဲ့ ဘောလုံးကစားဟန် နဲ့ ထူးချွန်တဲ့ ဘောလုံးစကေးလ် အချို့ကို တွေ့မြင်ခဲ့ရပါတယ်။
ရုပ်သံ ထုတ်လွှင့်မှုနှင့် မီဒီယာ
MRTV က တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့မှုမှာ အချိန်မပါဘူး၊ျွနစူပေ တွေ မပါဘူး၊ ကင်မရာတွေ နည်းတယ် အစရှိသဖြင့် တစ်ချို့က ဝေဖန်ခဲ့ကြတာလေးတွေ ရှိပေမဲ့ အစမှာ ဒီလို စနိုင်ခဲ့တာ ချီးကျူးစရာပါ။
ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ပွဲတွေ ကြည့်ပြီးတော့ အဲဒီက ရုပ်သံထုတ်လွှင့်မှုနဲ့ နှိုင်းယှဉ်လို့တော့ မရဘူးပေါ့လေ။ ပထမဆုံး ခြေလှမ်းအဖြစ် အကောင်းဘက်က ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးက အခမဲ့ ကြည့်ရှုနိုင်ခဲ့ကြပါတယ်။ သေချာတာက တခြား ဒီအချိန်မှာ ပြနေကြ အစီအစဉ်တွေ အားလုံးထက် တီဗီရှေ့မှာ လူပိုရောက်နေခဲ့မှာပါပဲ။
ဘောလုံးလောကမှာ မီဒီယာ ဆိုတာ အရေးကြီးတဲ့ အပိုင်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။ ပရိသတ် ကို ဘောလုံးအသင်းများ၊ ကစားသမားများ၊ ပွဲများနဲ့ မိတ်ဆက်ပေးရာမှာ မီဒီယာ ကောင်းရင် ကောင်းသလောက် ကျယ်ကျယ်ပြန့်ပြန့် သတင်းပျံ့နိုင်ပါတယ်။
အခုလက်ရှိ မီဒီယာတွေဟာဆိုရင် ပြည်တွင်း ပြည်ပ အနှံ့ သတင်းတွေကို ပြည်သူနဲ့ မိတ်ဆက်ပေးနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့တာကို တွေ့ရပါလိမ့်မယ်။
ပရိသတ်တွေ အားပေးကြမှ မြန်မာ့ဘောလုံးလောက အောင်မြင်မှာပါ။ ကွင်းဝင်ကြေး၊ အမှတ်တရပစ္စည်းဝယ်ကြေး၊ တီဗီထုတ်လွှင့်မှု အစရှိတဲ့နယ်ပယ်တွေကနေ ပိုက်ဆံတွေ ပိုဝင်လာမှာ ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ပိုပီသ သထက် ပီသ လာအောင် အသင်းတွေက တိုးတက် လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ပရိသတ်တွေ အားပေးဖို့ဆိုတာ မီဒီယာရဲ့ အကူအညီတွေ အများကြီး လိုပါတယ်။
နောက်ဆိုရင် ဒီပုံစံအတိုင်း ဆက်သွားမယ်၊ ဒါမှမဟုတ် ဒီထက် ပိုပြီး တိုးတက်လာဦးမယ်ဆိုရင် မဝေးတော့တဲ့ အနာဂါတ်မှာ မြန်မာနေရှင်နယ်လိဂ်ဟာ ပရီးမီးယားလိဂ်တို့လို ဖျော်ဖြေမှု ပေးနိုင်တဲ့ ဘောလုံးပြိုင်ပွဲ တစ်ခု ဖြစ်လာမှာပါ။
ကျေးဇူးတင်ပါတယ်။

2:50 PM
ပြိုင်ဘက်အသင်း ပိုင်ရှင်များအား ဆောက်သမ်း အသင်း ပိုင်ရှင် ဝေဖန်တိုက်ခိုက်
article from soccermyanmar.com
ဆောက်သမ်းမြန်မာ အသင်း၏ ပိုင်ရှင်ဖြစ်သူ ဦးဋ္ဌေးမြင့် (ယုဇန)သည် ပြိုင်ဘက် အသင်းများ၏ ပိုင်ရှင်များ၏ စီးပွားရေး ဗျူဟာများကို ဝေဖန်တိုက်ခိုက် လိုက်ကြောင်း သိရသည်။
မီဒီယာများက ဦးဋ္ဌေးမြင့်အား အသင်း မိတ်ဆက်ပွဲ ပြုလုပ် မလုပ်ကို သိလို၍ မေးမြန်းသည့် အခါ၌ “ကျွန်တော်တို့ အသင်း ဟာ ရတဲ့အချိန် တိုတိုလေးကို လေ့ကျင့်ရေး ကွင်းမှာသာ အချိန်ကုန် စေချင်လို့ မိတ်ဆက်ပွဲတွေ မလုပ်ဖြစ်တာပါ။ ဒီအချိန် လေးကို လေ့ကျင့်ရင်း နဲ့သာ ကုန်ဆုံး စေချင်လို့ပါ။ အသင်းကို ပရိသတ်တွေဆီ အောင်ပန်းနဲ့ အတူ မိတ်ဆက်ဖို့ ရည်ရွယ် ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ စီးပွားရေး လုပ်ငန်း အနေနဲ့လည်း သူများတွေကို အရက်ရောင်းရဖို့၊ ရေရောင်း ရဖို့ ဘောလုံးကို ခုတုံး လုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့ လုပ်ငန်းတွေ သဘာဝက လူသိများအောင် ကြော်ငြာဖို့ မလိုပါဘူး။ မတူညီတဲ့ စီးပွားရေး သမားတွေ စုထားတဲ့ လိဂ်မို့လို့ မတူညီတဲ့ စီးပွားရေး ဗျူဟာတွေ ရှိနေမှာပါ” ဟု ပြန်လည် ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အသင်း၏ ရှယ်ယာများ ရောင်းချသည့် ကိစ္စနှင့် ပတ်သတ်၍လည်း “တစ်ချို့က အသင်း ရှယ်ယာတွေ ထုတ်ရောင်းပြီး အသင်းကို အများပိုင် ဖြစ်စေဖို့ ဆောင်ရွက်မယ်လို့ ဆိုကြတယ်။ တကယ် စဉ်းစားကြည့်ရင် သူတို့ပြောတဲ့ တစ်နှစ်က အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ခွဲပေးမယ် ဆိုတာ ဘဏ်တိုး လောက်တောင် မရှိပါဘူး။ ဘဏ်မှာ အပ်ရင်တောင် တစ်နှစ်ကို အမြတ် ၁၂ ရာခိုင်နှုန်း ရပါတယ်။ ပြီးတော့ အပြင်မှာ အတိုးနဲ့ ပိုက်ဆံချေးမယ်ဆို အတိုး ၂၀ ရာခိုင်နှုန်း ကနေ ၂၄ ရာခိုင်နှုန်း ဆိုရင် လူတိုင်း ချေးကြမှာပါ။ ဒါကြောင့် ဒိလိုရှယ်ယာ ရောင်းတယ် ဆိုတဲ့ ကိစ္စဟာ စကားအဖြစ် ပြောသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြား သွားခဲ့သည်။
ဦးဋ္ဌေးမြင့်က သူ၏ အသင်း ဆောက်သမ်းသည် တစ်ပွဲနိုင်ပါက ပါဝင်သည့် ကစားသမားများ တစ်ဦးလျှင် ၅ သိန်းစီ ရမည် ဖြစ်ကြောင်း၊ အကယ်၍ မနိုင်ခဲ့လျှင်တောင် သူကျေနပ်အောင် ကစားနိုင်ပါက အထိုက်အလျှောက် ချီးမြှင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆောက်သမ်း မြန်မာအသင်း၏ ကစားသမား များသည် ပျမ်းမျှအသက် (၂၂)နှစ်သာ ရှိကြသေးသည်ဟု သိရသည်။
ဆောက်သမ်းမြန်မာ အသင်း၏ ပိုင်ရှင်ဖြစ်သူ ဦးဋ္ဌေးမြင့် (ယုဇန)သည် ပြိုင်ဘက် အသင်းများ၏ ပိုင်ရှင်များ၏ စီးပွားရေး ဗျူဟာများကို ဝေဖန်တိုက်ခိုက် လိုက်ကြောင်း သိရသည်။မီဒီယာများက ဦးဋ္ဌေးမြင့်အား အသင်း မိတ်ဆက်ပွဲ ပြုလုပ် မလုပ်ကို သိလို၍ မေးမြန်းသည့် အခါ၌ “ကျွန်တော်တို့ အသင်း ဟာ ရတဲ့အချိန် တိုတိုလေးကို လေ့ကျင့်ရေး ကွင်းမှာသာ အချိန်ကုန် စေချင်လို့ မိတ်ဆက်ပွဲတွေ မလုပ်ဖြစ်တာပါ။ ဒီအချိန် လေးကို လေ့ကျင့်ရင်း နဲ့သာ ကုန်ဆုံး စေချင်လို့ပါ။ အသင်းကို ပရိသတ်တွေဆီ အောင်ပန်းနဲ့ အတူ မိတ်ဆက်ဖို့ ရည်ရွယ် ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ စီးပွားရေး လုပ်ငန်း အနေနဲ့လည်း သူများတွေကို အရက်ရောင်းရဖို့၊ ရေရောင်း ရဖို့ ဘောလုံးကို ခုတုံး လုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့ လုပ်ငန်းတွေ သဘာဝက လူသိများအောင် ကြော်ငြာဖို့ မလိုပါဘူး။ မတူညီတဲ့ စီးပွားရေး သမားတွေ စုထားတဲ့ လိဂ်မို့လို့ မတူညီတဲ့ စီးပွားရေး ဗျူဟာတွေ ရှိနေမှာပါ” ဟု ပြန်လည် ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အသင်း၏ ရှယ်ယာများ ရောင်းချသည့် ကိစ္စနှင့် ပတ်သတ်၍လည်း “တစ်ချို့က အသင်း ရှယ်ယာတွေ ထုတ်ရောင်းပြီး အသင်းကို အများပိုင် ဖြစ်စေဖို့ ဆောင်ရွက်မယ်လို့ ဆိုကြတယ်။ တကယ် စဉ်းစားကြည့်ရင် သူတို့ပြောတဲ့ တစ်နှစ်က အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ခွဲပေးမယ် ဆိုတာ ဘဏ်တိုး လောက်တောင် မရှိပါဘူး။ ဘဏ်မှာ အပ်ရင်တောင် တစ်နှစ်ကို အမြတ် ၁၂ ရာခိုင်နှုန်း ရပါတယ်။ ပြီးတော့ အပြင်မှာ အတိုးနဲ့ ပိုက်ဆံချေးမယ်ဆို အတိုး ၂၀ ရာခိုင်နှုန်း ကနေ ၂၄ ရာခိုင်နှုန်း ဆိုရင် လူတိုင်း ချေးကြမှာပါ။ ဒါကြောင့် ဒိလိုရှယ်ယာ ရောင်းတယ် ဆိုတဲ့ ကိစ္စဟာ စကားအဖြစ် ပြောသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြား သွားခဲ့သည်။
ဦးဋ္ဌေးမြင့်က သူ၏ အသင်း ဆောက်သမ်းသည် တစ်ပွဲနိုင်ပါက ပါဝင်သည့် ကစားသမားများ တစ်ဦးလျှင် ၅ သိန်းစီ ရမည် ဖြစ်ကြောင်း၊ အကယ်၍ မနိုင်ခဲ့လျှင်တောင် သူကျေနပ်အောင် ကစားနိုင်ပါက အထိုက်အလျှောက် ချီးမြှင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆောက်သမ်း မြန်မာအသင်း၏ ကစားသမား များသည် ပျမ်းမျှအသက် (၂၂)နှစ်သာ ရှိကြသေးသည်ဟု သိရသည်။
Posted by
ဟိဏ်းလင်း
at
1:22 AM
ဆောက်သမ်း မြန်မာ အသင်း နိုင်ငံခြားသား ကစားသမား မျာ့း ခေါ်ယူမည် မဟုတ်သော်လည်း နိုင်ငံခြားသား နည်းပြ ခေါ်ယူဖွယ် ရှိ
article from soccermyanmar.com
ဆောက်သမ်း မြန်မာ အသင်းသည် နိုင်ငံခြားသား ကစားသမား များကို အသင်းသို့ ခေါ်ယူမည် မဟုတ်သော်လည်း နိုင်ငံခြားသား နည်းပြကိုမူ ခေါ်ယူဖွယ် ရှိသည်ဟု အသင်းပိုင်ရှင် ဦးဋ္ဌေးမြင့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အသင်းမှာ နိုင်ငံခြားသား ကစားသမား မပါဝင်ဘဲ မြန်မာတွေကိုပဲ နေရာပေးပြီး အောင်မြင်အောင် ဆောင်ရွက်မှာပါ။ လိုအပ်ရင် နိုင်ငံခြားက နည်းပြငှားမယ်။ မြန်မာ ကစားသမား တွေကိုပဲ ထူးချွန်လာအောင် ပံ့ပိုး ပေးပြီး မြန်မာ့ လက်ရွေးစင် အသင်းအတွက် အထောက်အကူ ရအောင် လုပ်မှာပါ။ ကျွန်တော်တို့ဟာ တစ်နှစ်တည်း အတွက် စဉ်းစားတာ မဟုတ်ဘဲ ရေရှည် အတွက် ကြည့်တာပါ။ နောင်လာမယ့် ၂ နှစ် ၂၀၁၁ ကျရင် ကျွန်တော်တို့ အသင်းဟာ မြန်မာနိုင်ငံမှာ နံပါတ် ၁ အသင်းတစ်သင်း ဖြစ်ရမယ်လို့ ရည်ရွယ် ထားပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ပြီလို့ အော်နိုင်တဲ့ ခေတ်ကို ပြန်ရောက်ဖို့ အလိုရှိပြီး အဲဒီ မြန်မာအသင်းမှာ ကျွန်တော်တို့ အသင်းက ကစားသမား ၅၀ ရာခိုင်နှုန်းလောက် ပါဝင်နိုင်ဖို့ ရည်မှန်း ထားပါတယ်” ဟု ဦးဋ္ဌေးမြင့်က ဆိုသည်။
၎င်းတို့ အသင်းသည် နိုင်ငံတကာ တွင်လည်း ပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ယင်းနိုင်ငံများမှ ထူးချွန်သည့် နည်းပြများကို ငှားရမ်းမည်ဟု ဆိုသည်။ ထို့ပြင် ကစားသမား များကိုလည်း နိုင်ငံခြားတွင် သွားရောက် လေ့ကျင့်မှုများ နှင့် ပညာ သင်ကြားမှုများ ပြုလုပ်စေမည်ဟု သိရသည်။
သို့ရာတွင် ဦးဋ္ဌေးမြင့်သည် အသင်းအား တာဝန် ယူနေသည့် ဦးမြင့်ကြူး၏ ရာထူးနှင့် လစာ ခံစားခွင့်များကိုမူ ရှင်းလင်းစွာ ပြောကြားသွားခြင်း မရှိကြောင်း သိရသည်။ ဦးမြင့်ကြူးသည် ဘောလုံးအသင်း မှတ်ပုံတင်ရာ၌ အုပ်ချုပ်သူ အဖြစ် မှတ်ပုံတင် ထားသော်လည်း အမှန်တကယ်တွင် ဆောက်သမ်း မြန်မာနှင့် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးသလို တိကျသည့် လစာ နှုန်းထားကိုလည်း တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။ ဦးဋ္ဌေးမြင့်က ဦးမြင့်ကြူးသည် အသင်းဘုတ် အဖွဲ့တွင် ပါဝင်သည်ဟု ဆိုခဲ့ပြီး ဘောလုံးနှင့် ပတ်သတ်လျှင် သူ၏ ကိုယ်ပွားအဖြစ် ထားရှိသည်ဟု ပြောကြား သွားခဲ့သည်။ ဆောက်သမ်းမြန်မာ အသင်း၌ အမှန်တကယ် တရားဝင် ခန့်အပ် ထားသည့် နည်းပြမှာ ဦးကျော်တင့်နှင့် ဦးစောဘမြင့်တို့ နှစ်ဦးသာ ရှိသည်။

1:20 AM
ဆောက်သမ်းမြန်မာ - ရတနာပုံ ပွဲစဉ်အတွက် soccermyanmar.com မှ သုံးသပ်ချက်
စောင့်ကြည့်ရမည့် ကစားသမားများ
ဆောက်သမ်း - မျိုးလှိုင်ဦး
ရတနာပုံ - ပိုင်စိုး
ပွဲသုံးသပ်ချက်
MNL Cup Grand Royal 2009 ပြိုင်ပွဲရဲ့ ဒုတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားကြမယ့် အသင်းနှစ်သင်း ကတော့ ပရိသတ်တွေ အထူး စိတ်ဝင်စား နေတဲ့ နာမည်ကျော် ရတနာပုံ အသင်းနဲ့ လူငယ်တွေ အဓိက ပါဝင်တဲ့ ဆောက်သမ်း မြန်မာ အသင်းတို့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ပထမနေ့ ပွဲစဉ်မှာ ရန်ကုန် ယူနိုက်တက်ဟာ ဇေယျာရွှေမြေကို ဂိုးပြတ် အနိုင်ယူခဲ့လို့ ချန်ပီယံ လောင်းလျာစာရင်း သွင်းထားပြီးတဲ့ နောက်မှာ အခု ရတနာပုံဟာ ရန်ကုန်ကို စိန်ခေါ်နိုင်မယ့် အသင်း ဟုတ်မဟုတ် ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရတနာပုံ အသင်းဟာ နေရှင်နယ် လိဂ်ရဲ့ အတောင့်တင်းဆုံး သုံးသင်း စာရင်းမှာ ပါဝင်ပါတယ်။ ရတနာပုံရဲ့ လူအင်အားဟာ မြန်မာ နေရှင်နယ် လိဂ်က ဘယ်အသင်းကို မဆို ကောင်းကောင်း ယှဉ်နိုင်ပါတယ်။ ဂိုးသမား ယဉ်မင်းအောင်ဟာ အတွေ့ အကြုံရှိ ၀ါရင့် ဂိုးသမား ဖြစ်သလို ခင်မောင်ထွန်း ဦးဆောင်တဲ့ နောက်တန်းဟာလည်း ကစားအား ကောင်းတဲ့ ကစားသမား တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ အောင်ကျော်မိုး၊ ပိုင်စိုး၊ ထွန်းထွန်းဝင်း တို့အပြင် နိုင်ငံခြားသား ကစားသမားတွေပါ ပေါင်းစပ်ထားလို့ ထိပ်တန်းအဆင့် ရှိနေပါတယ်။ တိုက်စစ်မှူး ရန်ပိုင်ကို ဘယ်သူနဲ့တွဲပြီး ပွဲထုတ်မလဲ ဆိုတာကို စောင့်ကြည့် ရပါမယ်။ နည်းပြဟာလည်း ခေတ်မီ နည်းစနစ်တွေ နားလည် တတ်ကျွမ်းတဲ့ အပြင် နိုင်ငံတကာ အတွေ့အကြုံရှိ ၀ါရင့် နိုင်ငံခြားသား နည်းပြကြီး ဖြစ်တာကြောင့် သူ့ရဲ့အယူအဆ တွေကို ခန့်မှန်းရ ခက်ပါတယ်။ ဦးမြင့်ကြူးရဲ့ ဆောက်သမ်းကတော့ လူငယ်တွေကို လေ့ကျင့်ရေး ကွင်းမှာ မနားတမ်း မောင်းနှင်ပြီး စိတ်ဓာတ်မြှင့်တင် ပေးထားတာ ဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့ ကစားအားမှာ ရတနာပုံကို မီနိုင်ဖွယ် ရှိပေမယ့် ကျွမ်းကျင်မှု၊ တစ်ဦးချင်း စွမ်းရည်နဲ့ အတွေ့အကြုံ ပိုင်းမှာတော့ ဘယ်လိုမှ မမီနိုင်ပါဘူး။ ခြေစွမ်းအရ ကြည့်ရင် ရတနာပုံပဲ နိုင်ဖို့ များနေပြီး လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ ရုန်းအားကြောင့် သရေလည်း ဖြစ်နိုင်ပါတယ်။ ဂိုးနည်းမှာပါ။

1:18 AM
14.5.09
အသင်း ပိုင်ရှင်မှ နိုင်ငံခြား ကစားသမား များအား ခေါ်ယူခွင့် ပြုထားသော်လည်း လူငယ်များကိုသာ အားပြု ကစားမည် ဖြစ်ကြောင်း ဆောက်သမ်းမြန်မာအုပ်ချုပ်သူ ပြောကြား
Article from www.soccermyanmar.com
MNL Cup ပြိုင်ပွဲဝင် အသင်း တစ်သင်းဖြစ်သည့် ဆောက်သမ်း မြန်မာ အသင်း၏ နည်းပြချုပ် ဦးမြင့်ကြူးက နိုင်ငံခြား ကစားသမားများ ခေါ်ယူရန် စိတ်မ၀င် စားသေးဘဲ လူငယ် များကိုသာ အားပြု၍ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း၏ အဆိုအရ ဆောက်သမ်း မြန်မာ အသင်းအား ပိုင်ဆိုင်သည့် ပိုင်ရှင်များက လိုအပ်ပါက နိုင်ငံခြား ကစားသမား များအား ခေါ်ယူရန် ခွင့်ပြုထား ပါသော်လည်း အသင်းရှိ လူငယ် ကစားသမား များဖြင့်သာ ပထမဆုံး ရာသီအား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
မြန်မာဘောလုံး လောက၏ အပြောင်းအလဲ တစ်ရပ်ဖြစ်သော MNL Cup အတွက် ပြိုင်ပွဲဝင် အသင်း အများစုမှ (က) အဆင့် ကစားသမားများ၊ နိုင်ငံခြားသား ကစားသမား များအား အပြိုင်အဆိုင် ခေါ်ယူရန် ကြိုးပမ်း နေချိန်တွင် တနင်္သာရီ အခြေစိုက် ဆောက်သမ်း မြန်မာအသင်း အနေဖြင့် (ဂ) အဆင့် လူငယ် ကစားသမား အများစုနှင့် အသင်းအား တည်ဆောက် ထားပြီး ဘောလုံး ပရိသတ်များနှင့် အားကစား ကလောင်ရှင် တချို့ က ပြင်ဆင်မှု အားနည်းခြင်းနှင့် ပတ်သက်၍ ဝေဖန်ခြင်း ခံခဲ့ရသည့် အသင်းလည်း ဖြစ်သည်။
သို့သော် အုပ်ချုပ်သူ ဖြစ်သူ ဦးမြင့်ကြူးက အထင်ကရ ဂျာနယ် တစ်ခုသို့ ထုတ်ဖော် ပြောကြားရာတွင် "အသင်းအတွက် လိုအပ်ချက် ရှိမယ် ဆိုရင် နိုင်ငံခြား ကစားသမား ခေါ်မယ်လို့လည်း အသင်း ဥက္ကဋ္ဌက ပြောဖူးပါတယ်။ အခု ကျင်းပမယ့် MNL Grand Royal Cup 2009 ပွဲအတွက်တော့ အခုရှိနေတဲ့ ကစားသမား တွေနဲ့ ပဲ ယှဉ်ပြိုင် သွားမှာပါ။" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကစားသမား များအား ရည်မှန်းချက်များ သတ်မှတ် ပေးထားကြောင်း ပြောကြားခဲ့ပြီး နှစ်နှစ်တာ ကာလအတွင်း တစ်ဦးချင်းရော အသင်းလိုက်ပါ တိုးတက်ရမည်ဟု မှာထားကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းက "၂၀၁၂ မှာ ဆောက်သမ်း မြန်မာ အသင်း ပထမ ရရမယ် ဆိုတာထက် ထိပ်တန်း အဆင့်ဝင်တဲ့ အသင်း တစ်သင်းဖြစ်ဖို့ Target ထားထားပါတယ်" ဟု ဆိုခဲ့သည်။
"ကျွန်တော်တို့ အသင်းက လူငယ် ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ အတွေ့အကြုံ ပိုင်းမှာ အားနည်းပါတယ်၊ အဲဒီ အားနည်းချက်ကို အသင်းလိုက် စုစည်းမူနဲ့ ကာကွယ် သွားမှာပါ" ဟုလည်း မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြား သွားခဲ့သည်။
ဆက်လက်၍ ဦးမြင့်ကြူးက ဆောက်သမ်း မြန်မာအသင်း အနေဖြင့် ၁၇ နှစ် အောက် လူငယ် ဘောလုံးပြိုင်ပွဲ ကျင်းပ၍ တနသာင်္ရီ တိုင်းမှ ကစားသမား ၇၅ ရာခိုင်နှုန်းဖြင့် အသင်းအား တည်ဆောက်ရန် ရည်ရွယ် ထားကြောင်းလည်း ပြောကြား သွားခဲ့သည်။
ယခင် အဆင့်မြင့်တန်း အသင်းကြီး ဘဏ္ဍာအခွန်အား ၁၉၉၆ မှ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့သော အုပ်ချုပ်သူ ဦးမြင့်ကြူး ကိုင်တွယ်မည့် ဆောက်သမ်း မြန်မာ အသင်းသည် အသင်း၏ MNL cup ပထမဆုံး ပွဲအနေဖြင့် ယခုလ မေလ ၁၇ ရက်နေ့တွင် ပြင်ဆင်မှုများ အကြီးအကျယ် ပြုလုပ်ထားကာ နိုင်ငံခြား နည်းပြ ကိုင်တွယ်မည့် ရတနာပုံ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

7:09 PM
10.5.09
အကောင်အထည် ပေါ်လာသော အိပ်မက်များ အကြောင်း ပြောပြခဲ့တဲ့ ကိုမောင်ဖြိုး နဲ့ တွေ့ဆုံခြင်း
နောက်ထပ် SMU FC ရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်တဲ့ ကို မောင်ဖြိုး ကလည်း သူ့ရဲ့ မြန်မာ့ဘောလုံးလောကအပေါ် အမြင်များနဲ့ ဆောက်သမ်းအသင်းအပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။
ဖြေကြားပေးခဲ့သော ကိုမောင်ဖြိုးအား ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မျှော်လင့်ချက်များ လက်တွေ့ဖြစ်လာပါစေလို့ ... ။
“ကျွန်တော်က မော်လမြိုင်သားစစ်စစ်ပါ။ နောက်ပြီး ဘောလုံးဆိုတာက ကျွန်တော် ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ တစ်ခုတည်းသော အားကစားနည်းပါ။ မြန်မာဘောလုံးလောကဟာ အခြားနိုင်ငံများနဲ့ ယှဉ်ရင် ငွေကြေးသုံးစွဲမှု နည်းပါးခြင်း။ နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်းများ မရှိခြင်း တို့ကြောင့် ပရိတ်သက်ကို ဆွဲဆောင်နိုင်မှု အားနည်းခဲ့ပါတယ်။
ဒါ့အပြင် ဘောလုံးသမားများ ဘက်မှ ကြည့်လျှင်လည်း ဘောလုံးကစားခြင်းအတွက် ထိုက်တန်သော ငွေကြေးပမာဏကို မရရှိတဲ့အတွက် ဘောလုံးကို ၀ါသနာအရ (အသက်မွေးဝမ်းကြောင်းမဟုတ်) လောက်သာ ကစားကြတာတွေ့ရပါတယ်။ အဲဒီအတွက်လည်း ပရိတ်သက် စိတ်ပါဝင်စားမှု နည်းတာဖြစ်နိုင်ပါတယ်။ ယခု မြန်မာ့ဘောလုံး လောကရဲ့ ကြီးမားသော အပြောင်းအလဲကြီးဖြစ်တဲ့ အနှစ်နှစ်အလလက မက်ခဲ့တဲ့ ကျွန်တော်တို့ မြန်မာဘောလုံး ပရိတ်သက်ကြီးရဲ့ အိပ်မက်ကို ပရိုစနစ် စတင်ပြီ ဆိုပြီး လှန့်နိုးစေခဲ့ပါတယ်။
အဲဒီမှာ ဒေသအလိုက် အသင်းတွေ ခွဲခဲ့ပါတယ်။ အဲဒီမှာ ဘောလုံး ချစ်တဲ့ကျွန်တော်က ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ ရွှေမြိုင်ကို ချစ်တဲ့မောင်ဖြိုးတစ်ယောက် Southern Myanmar United FC ကိုအားပေးခဲ့ပါတယ်။
ကျွန်တော်တို့ အသင်းက အခြားအသင်း များလောက် ငွေကြေးသုံးစွဲနိုင်ခြင်း မရှိတဲ့အတွက် ပရိသတ်အသိနည် ရေပန်းစားခြင်းမရှိပေမယ့် နည်းစနစ် ကောင်းကောင်းနဲ့ အသင်းလိုက်အင်အား စုဖွဲ့မှုကောင်းစွာ ယှဉ်ပြိုင်ရင်တော့ ဘယ်အသင်းမဆို ကျွန်တော်တို့ အသင်းအနိုင် ယူနိုင်ပါတယ်။
ကျွန်တော်တို့အသင်း ဘယ်အခြေအနေ ဘယ်လိုပဲ ဖြစ်နေပါစေ အားပေးနေမှာပါ။ ဘောလုံးတစ်သင်းရဲ့ အနိုင်အရှုံး အတွက် ပရိတ်သက်ရဲ့ အားပေးမှုက ရာခိုင်နှုန်း တစ်ခုအနေနဲ့ ရှိနေပါတယ်။ အခြေအနေအရ ကွင်းထဲထိ လိုက်ပါ အားမပေးနိုင်ပေမယ့် ကျွန်တော်တို့ အမြဲကိုယ့်အသင်းအတွက် ရှိနေမှာပါ။
ကျွန်တော်ကတော့ ကိုယ့်အသင်းကို အမြင့်ဆုံးအောင်မြင်မှု အဖြစ် ချန်ပီယံ ပဲဖြစ်စေချင်ပါတယ်။”
ဖြေကြားပေးခဲ့သော ကိုမောင်ဖြိုးအား ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မျှော်လင့်ချက်များ လက်တွေ့ဖြစ်လာပါစေလို့ ... ။
Posted by
ဟိဏ်းလင်း
at
2:52 PM
9.5.09
ကစားသမားများ၏ တစ်ဦးချင်း အချက်အလက်များ
Southern Myanmar United FC အသင်းရဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်း အမည်၊ မွေးသက္ကရာဇ်၊ ကစားသည့်နေရာ၊ ကျောနံပါတ်၊ ယခင်အသင်း၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ လက်မှတ်ထိုးကြေး၊ လစာ အစရှိသဖြင့် အချက်အလက်တွေကို အောက်ပါဇယားမှာ တွေ့မြင်နိုင်ပါတယ်။

(ပုံကို အကြီးမြင်ရဖို့အတွက် ကလစ်လုပ်လိုက်ပါ)
အခုလို အချက်အလက်တွေကို စနစ်တကျ စိတ်ရှည်လက်ရှည် ဇယားလုပ်ပေးခဲ့တဲ့ ကိုk-pooh နဲ့ ကိုခမ်းလှိုင် တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
original source : EuroSport Journal Vol 2 No 50

10:28 PM
အများ မထင်မှတ်ထားတွေ လုပ်ပြပါလိမ့်မယ် လို့ ယုံကြည်နေတဲ့ ပရိသတ် ကိုကျော်ထင် နဲ့ တွေ့ဆုံခြင်း
Southern Myanmar United FC ရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တဲ့ ကိုကျော်ထင် နဲ့ စကားစမြည် ပြောဖြစ်ခဲ့ရာမှာ သူက အသင်းကို ဘာဖြစ်လို့ အားပေးတာလဲ၊ ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာကို ဒီလို ပြောကြားသွားခဲ့ပါတယ်။
ကိုကျော်ထင် ပြောသလိုပဲ နာမည်မကြီးပေမဲ့ အောင်မြင်မှု တစ်ခုခုကို မထင်မှတ်ပဲ ရယူသွားနိုင်မှာလား ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
“ကျနော်က မြိတ်သားလေ... ကြီးတော့ တခြားနေရာတွေ ရောက်နေပေမယ့် ကျနော့်မွေးဇာတိကိုတော့ မမေ့ဘူးဗျ ... ကျနော်တို့တွေ သူများနိုင်ငံက အသင်းတွေကိုတောင် အားပေးနိုင်သေးတာပဲ အဲကြောင့် အခုကျနော်တို့ ဒီဒေသမှာ အခြေစိုက်မဲ့အသင်းကို အားပေးဖို့ဆုံးဖြတ်ခဲ့တာပါ ...
ပရိုလိဂ် ၈ သင်းမှာ ကျနော်တို့အသင်းက ပြင်ဆင်မှုအားအနည်းဆုံး လို့ပြောနေကြပေမယ့် အခုလောလောဆယ် အောင်မြင်မှုကိုမကြည့်ပဲ ရေရှည်အတွက်ပြင်ဆင်ထားတယ်လို့ထင်ပါတယ် ... အခုပဲကြည့်လေ ၂၈ နှစ်ကနေ ၁၉ နှစ်အတွင်းကစားသမားတွေပဲ ဆိုတော့ ပိုအားရတယ်ဗျ ... အနာဂတ်မှာ အောင်မြင်မှုရနိုင်မယ့်အပြင် အခု မေ ၁၆ မှာ စတင်ကျင်းပမည့် MNL cup မှာလည်း အများမထင်မှတ်ထားတဲ့ အောင်မြင်မှုတခုခု ကိုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ...
နောက်ဆုံးအနေနဲ့ ကျနော်တို့အသင်းဟာ အောင်မြင်မှုရသည်ဖြစ်စေ မရသည်ဖြစ်စေ အမြဲအားပေးနေမယ်လို့ ပြောချင်ပါတယ်”
ကိုကျော်ထင် ပြောသလိုပဲ နာမည်မကြီးပေမဲ့ အောင်မြင်မှု တစ်ခုခုကို မထင်မှတ်ပဲ ရယူသွားနိုင်မှာလား ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Posted by
ဟိဏ်းလင်း
at
10:05 PM
ပထမဆုံးရာသီမှာ သုံးအတွင်း ၀င်ရင် ကျေနပ်ပါပြီ ဆိုတဲ့ ပရိသတ် ကိုdrone နဲ့ တွေ့ဆုံခြင်း
Southern Myanmar United FC အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ မြန်မာကျူးပစ်ဖိုရမ်မှ ကိုdrone ကို အသင်းအကြောင်းနဲ့ မျှော်လင့်ချက်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေးခွန်းများကို ဖြေကြားပေးခဲ့တဲ့ ကိုdrone ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
ဟိဏ်းလင်း။ ။ ဘာဖြစ်လို့ Southern Myanmar United FC ကို အားပေးမယ်လို့ ဆုံးဖြတ်လိုက်ရတာပါလဲ။
drone။ ။ ကျွှန်တော်က ဘီလူးကျွန်းမှာမွေးပြီး ကျိုက်ထိုမှာကြီးလာတာပါ။ ကိုယ့်ဒေသခံအသင်းကို အများအလယ်မှာ မျက်မှာမငယ်ရဖို့ အရေး ကျွှန်တော်တို့ လို ၁၂ ယောက်မြောက် ကစားသမားတွေ အများကြီးလိုတယ် ထင်လို့ ပါ။ အနဲဆုံး ၁၂ ယောက်မြောက် ကစားသမားတွေ ပေါလာတာနဲ့ အမျှ၊ ဘာကိုမှ မျော်လင့်ချက် မထားထားရင်တောင် အနိမ့်ဆုံး ကွင်းဝင်ကြေးတော့ ပိုရလာမှာ။ ကျွှန်တော်တို့ လိုလူတွေများလာရင် အသင်းဖန်ငွေတွေလဲများလာမှာတော့ အသေအခြာပဲ...။
ဟိဏ်းလင်း။ ။ အသင်းကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။
drone။ ။ ဖြစ်စေချင်တာတော့ ကမ္ဘာ့ကလပ်များချန်ပီယံအထိ ရောက်စေချင်ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ အသင်း ၈ သင်းမှာ ၁ ၂ ၃ အတွင်းဝင်ရင်ကို အစကောင်းသွားပြီလို့ ပြောနိုင်တာပေါ့ဗျာ။ ဆုတောင်းအရမ်းမကြမ်းချင်သေးပါဘူး။
ပထမဆုံးရာသီမှာ ၁ ၂ ၃ အတွင်းဝင်ရင်ကို ကျေနပ်ပါပြီ။
မေးခွန်းများကို ဖြေကြားပေးခဲ့တဲ့ ကိုdrone ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
Posted by
ဟိဏ်းလင်း
at
9:40 PM
ဆောက်သမ်းအသင်း၏ ပွဲစဉ်များ အောင်ဆန်းကွင်း မှ သုဝဏ္ဏ ကွင်းသို့ ပြောင်းရွှေ့
ပရိုလိဂ် အသင်းပွဲစဉ်တစ်ချို့ (စနေ၊ တနင်္ဂနွေ ပွဲစဉ်များ) ကို အောင်ဆန်းကွင်းမှ သုဝဏ္ဏသို့ ပြောင်းလဲကျင်းပသွားမယ်လို့ သတင်းရပါတယ်။ အဲဒီထဲမှာ ဆောက်သမ်း အသင်းရဲ့ ပွဲစဉ်တစ်ချို့လည်း ပါပါတယ်။
MRTV က တိုက်ရိုက်ထုတ်လွှင့်မဲ့ ပွဲစဉ်တွေ ဖြစ်တဲ့
17.05.09 SMU FC vs Yadanrpon FC
31.05.09 SMU FC vs Delta United FC
14.06.09 SMU FC vs Magway FC
20.06.09 SMU FC vs Okkthar United
များကို သုဝဏ္ဏကွင်းမှာ ကန်ရမှာ ဖြစ်ပါတယ်။
အောင်ဆန်းကွင်းရဲ့ မြက်ခင်းများကို အချိန်မှီ ပြုပြင်ရန် အခက်အခဲ ရှိသောကြောင့်ဟု သိရပါတယ်။
ဧပြီလ ၃၀ ရက်နေ့က ယခင် အဆင့်မြင့်တန်း အသင်းတစ်သင်း ဖြစ်တဲ့ ကာကွယ်ရေး အသင်းနဲ့ လှည်းကူးမြို့နယ် ရဲမွန်အားကစားကွင်းမှာ ခြေစမ်းကစားခဲ့ရာမှာ မျိုးလှိုင်ဦးနဲ့ စိုးကျော်သူတို့ရဲ့ ဂိုးတွေနဲ့ ၂-၀ အနိုင်ရရှိခဲ့တဲ့ Southern Myanmar United FC ရဲ့ ပွဲစဉ်တွေကို ဆက်လက် ရင်ခုန်စောင့်စားရင်း အားပေးလိုက်ကြပါစို့လားခင်ဗျာ။

9:27 PM
Wallpapers, Signatures, Avatars
ပရိသတ် အမြင် (k-pooh)
post of k-pooh from myanmarcupid
Southern Myanmar United အသင်းဟာ သူ့အဓိပ္ပာယ်အတိုင်း မြန်မာပြည်တောင်ပိုင်းကို အခြေစိုက်ထားပါတယ် .... တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ ဒေသတွေပါဝင်ပါတယ် ..... အသင်းပိုင်ရှင် အနေနဲ့ကတော့ ယုဇနကုမ္ပဏီ ဥက္ကဌဖြစ်သူ မြိတ်သားဦးဌေးမြင့်မှ တာဝန်ယူထားပါတယ် ....
အသင်းအုပ်ချုပ်သူအဖြစ် အရင်ဘဏ္ဍာအခွန်နည်းပြလုပ်ခဲ့တဲ့ ဦးမြင့်ကြူးကိုတာဝန်ပေးထားပြီး လုပ်ပိုင်ခွင့် အပြည့်အ၀လွှဲအပ်ထားပါတယ် ... နည်းပြချူပ်အဖြစ် ဦးကျော်တင့်ကို လစာကျပ် ၅ သိန်းဖြင့်လည်းကောင်း ၊ လက်ထောက်နည်းပြအဖြစ် ဦးစောဘမြင့်ကို လစာကျပ် ၄ သိန်းဖြင့်လည်းကောင်း စာချုပ်ချုပ်ဆိုထားပါတယ် ... နည်းပြ ၂ ဦးစလုံးဟာ အရင် ဘဏ္ဍာအခွန်အသင်းမှာ နည်းပြ၊ကစားသမားအဖြစ် ဖြတ်သန်းခဲ့ကြသူများဖြစ်ပါတယ် .....
ကစားသမားအင်အားအနေနဲ့တော့ လက်ရှိတွင် ကစားသမား ၂၄ ဦးကို လက်မှတ်ထိုးကြေး ၁၁၅ သိန်း အသုံးပြုခေါ်ယူထားပါတယ် .. ထိုငွေကြေးပမာဏမှာ ပရိုအသင်း ၈ သင်းတွင်အနည်းဆုံးဖြစ်ကြောင်းသိရပါတယ် .... ထို့ပြင် ထို၂၄ဦးတွင်မြန်မာဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်ထားသော လက်ရွေးစင်ကစားသမားအဆင့် ( က အဆင့် ) တဦးမှပါဝင်ခြင်းမရှိပါဘူး ... သို့ပေမယ့် ခြေစွမ်းခြေစရှိကစားသမားများကို ရွေးချယ်စာချုပ်ထားကြောင်း သိရပါတယ် ... အုပ်ချုပ်သူ ဦးမြင့်ကြူးကတော့ လူငယ်ကစားသမားများကို အခြေခံကာ ရွက်ပုန်းသီးကစားသမားများပေါ် ထွန်းလာနိုင်အောင် ကြိုးပမ်းသွားမည်ဟုဆိုပါတယ် .... ထိုကဲ့သို့ ဦးမြင့်ကြူး၏စွမ်းဆောင်ချက်များကို ဘဏ္ဍာအခွန်အသင်းတွင် မြင်တွေ့နိုင်ပါတယ် .....
ကဲ ... အသင်းဖန်တွေရေ ... ဘယ်သူတွေနဲ့ပဲကန်ကန်ပါ ... ကျနော်တို့ရဲ့ ဒေသအသင်းဖြစ်တဲ့ ဆောက်သမ်းမြန်မာယူနိုက်တက်ကို စွဲမြဲခုန်မင်စွာ အားပေးရအောင်နော် ....
Southern Myanmar = တောင်းပိုင်းမြန်မာ
United = ပေါင်းစည်းထားခြင်း
FC (football club) = ဘောလုံးအသင်း

7:15 PM
Southern Myanmar United FC ၏ MML Cup ပွဲစဉ်ဇယား
Southern Myanmar United FC ယှဉ်ပြိုင်ရမည့် MML Cup ပွဲစဉ်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အနီရောင်ပြထားသော ပွဲစဉ်များကို MRTV မှ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
ပွဲစဉ်အားလုံးကို ရန်ကုန်မြို့အောင်ဆန်းကွင်းမှာ ညနေ ၄နာရီမှာ စတင်မှာ ဖြစ်ပါတယ်။
17.5. 2009
Southern Myanmar United FC - Yadanarpon FC
26. 5. 2009
Southern Myanmar United FC - KBZ FC
31. 5. 2009
Southern Myanmar United FC - Delta United FC
11.6. 2009
Southern Myanmar United FC - Yangon United FC
14.6.2009
Southern Myanmar United FC - Magway FC
20.6.2009
Southern Myanmar United FC - Okkthar United FC
30.6.2009
Southern Myanmar United FC - Zayar Shwe Myay FC
အနီရောင်ပြထားသော ပွဲစဉ်များကို MRTV မှ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
ပွဲစဉ်အားလုံးကို ရန်ကုန်မြို့အောင်ဆန်းကွင်းမှာ ညနေ ၄နာရီမှာ စတင်မှာ ဖြစ်ပါတယ်။
Posted by
ဟိဏ်းလင်း
at
7:02 PM
အထွေထွေ သတင်းအချက်အလက်များ
အသင်းအမည် - Southern Myanmar United FC
စတင်တည်ထောင်သည့် ခုနှစ် - ၂၀၀၉
အသင်းကိုယ်စားပြု ဒေသ - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်
အိမ်ကွင်း - ကျောင်းသားအားကစားကွင်း (မော်လမြိုင်)
လေ့ကျင့်ရေးကွင်း - ကျိုက်က္ကဆံကွင်း (၂) ရန်ကုန်။ ပြည်နယ်ကွင်း (မော်လမြိုင်)
အိမ်ကွင်း အသင်းဝတ်စုံ - အင်္ကျီအပြာ၊ ဘောင်းဘီအဖြူ၊ ခြေအိပ်အဖြူ
အဝေးကွင်း အသင်းဝတ်စုံ - အင်္ကျီအဖြူ၊ ဘောင်းဘီအပြာ၊ ခြေအိပ်အပြာ
အသင်းပိုင်ရှင် - ဦးဋ္ဌေးမြင့်
စပွန်ဆာ - ယုဇန ကုမ္ပဏီ
အမှုဆောင်အရာရှိချုပ် - ဦးလှမောင်ရွှေ
အသင်းအုပ်ချုပ်သူ - ဦးမြင့်ကြူး
နည်းပြချုပ် - ဦးကျော်တင့်
လက်ထောက်နည်းပြ - ဦးစောဘမြင့်
သတင်းထုတ်ပြန်ရေးအရာရှိ - ရွေးချယ်ဆဲ
အသင်းခေါင်းဆောင် - ရွေးချယ်ဆဲ
ဒု-အသင်းခေါင်းဆောင် - ရွေးချယ်ဆဲ
စံချိန်တင်ကစားသမား - ၅သိန်း (၁၉ဦး)
လစာအများဆုံး ကစားသမား - ၃သိန်း (၁၉ဦး)
အသက်အကြီးဆုံး ကစားသမား - ဗညားဦး (၂၈နှစ်)
အသက်အငယ်ဆုံးကစားသမား - သန့်ဇင်ဦး (၁၇နှစ်)

6:20 PM
Subscribe to:
Posts (Atom)